
နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ..လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ နှစ်သစ်စပြီဆိုကတည်းက အလုပ်အကိုင်ရှားပါးမှုတွေ၊ ငွေကြေးအခက်အခဲတွေ ကြုံတွေ့နေကြရတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒီအခက်အခဲလေးတွေကို အတတ်နိုင်ဆုံး ပြေလည်စေချင်တဲ့ စိတ်ကလေးဖြစ်ပေါ်လာလို့ တတ်သည့်ပညာ မနေသာဆိုသလိုပဲ ပွဲတွေ့ ပညာရပ်လေးကို မျှဝေပေးလိုက်ပါတယ်။ ဗေဒင်ပညာကို ယုံကြည်သူများရှိသလို၊ မယုံကြည်ကြသူများလည်း ရှိပါတယ်။ အထူးအထွေ မပြောလိုပါ။ သို့သော် မြန်မာ့ရိုးရာ န၀င်းပညာကို မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံရပ်ခြား ရောက်နေကြတဲ့သူတွေအနေနဲ့ အခက်အခဲလေးတွေ ကြုံလာရတဲ့အခါတိုင်း မိမိတို့အိမ်ကို ဆက်သွယ်ပြီး ဗေဒင်ကြည့်ပေးပါဦး..၊ ယတြာချေပေးပါဦးနဲ့ အရပ်ကူပါ၊ လူဝိုင်းပါ .. လုပ်ကြရပါတယ်။ အဲဒီလို ဒုက္ခတွေက ကင်းဝေးစေဖို့ ဘယ်နေရာရောက်ရောက် မိမိရဲ့ အခက်အခဲတွေကို သိရှိထားပြီး အောင်မြင်မှုတွေ ရရှိစေဖို့ ယတြာကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်။ အလုပ်အကိုင် မကောင်းကြ၍သော်လည်းကောင်း၊ ငွေကြေးကိစ္စရပ်များနဲ့ ပါတ်သက်၍ အခက်အခဲတွေ့ကြုံနေလျှင်သော်လည်းကောင်း၊ နိုင်ငံခြားတွင် ရောက်ရှိနေပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် ဗီဇာသက်တမ်းတိုးရန် အခက်အခဲကြုံနေကြရသူများအတွက် ယုံယုံကြည်ကြည် ဆောင်ရွက်စေချင်ပါတယ်။ ယုံကြည်မှုရှိသူများ ကိုယ်စိတ်ပူပန်မှုများ ကင်းဝေး၍ လိုအင်ဆန္ဒများ ပြည့်ဝပါလိမ့်မယ်။ ပြုလုပ်ရမယ့် ယတြာနည်းလမ်းက လွယ်ပါတယ်။ အရင်ဆုံး လိုအပ်တဲ့ ပစ္စည်းလေးတွေ ရှာဖွေပြင်ဆင်ထားကြရအောင်။
လိုအပ်သော ပစ္စည်းများ…
(၁)ကြက်သွန်အနီတစ်လုံး
(၂)အမွေးတိုင်နှစ်တိုင်
(၃)ဖန်ခွက်တစ်လုံး
၎င်းပစ္စည်းသုံးမျိုးရှိလျှင် လုပ်လို့ရပါသည်။ လုပ်ဆောင်ရမယ့် ယတြာနည်းလမ်းလေးကတော့ ရှေးဦးစွာ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၍ သရဏဂုံ သုံးပါး ဆောက်တည် မေတ္တာပို့ပါ။ ပြီးလျှင် အောက်ကပုံမှာ ပြထားသည့်အတိုင်း ပြုလုပ်၍ အမွှေးတိုင်ထွန်းကာ မိမိလိုရာ ဆုတောင်းကြပါ…။ တွေ့ကြုံနေရသော အခက်အခဲများ ပြေလည်ပြီး ကိုယ်၊ စိတ် နှစ်ဖြာ ချမ်းသာမှုများ ရရှိပါလိမ့်မယ်။
***ယတြာပြုလုပ်ရာတွင် နေ့အလိုက် ပြုလုပ်ရမည့် အချိန်လေးတွေတော့ လိုအပ်ပါသည်။ ၎င်းအချိန်အတိုင်း လုပ်လျှင် ပိုကောင်းပါသည်။ သို့သော် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပြီး လုပ်ငန်းခွင် ၀င်နေကြရသူများမှာ အလုပ်ပိတ်ရက် အခက်အခဲရှိကြ၍ မည်သူမဆို တနင်္ဂနွေနေ့ကို ပုံသေထား၍ စတင်ပြုလုပ်နိုင်ပါသည် ။ တနင်္ဂနွေနေ့တွင် ပြုလုပ်ရမည့် အချိန်များမှာ-
(၁) တနင်္ဂနွေသားသ္မီးများအတွက် တနင်္ဂနွေနေ့ မနက် (၉နာရီမှ၁၀ခွဲ)နာရီထိ ၊
(၂) တနလာင်္သားသ္မီးများအတွက် တနင်္ဂနွေနေ့ နေ့လည်(၁နာရီခွဲမှ၃)နာရီထိ ၊
(၃) အင်္ဂါသားသ္မီးများအတွက် တနင်္ဂနွေနေ့ မနက် (၇နာရီခွဲမှ၉)နာရီထိ ၊
(၄) ဗုဒ္ဓဟူးသားသ္မီးများအတွက် တနင်္ဂနွေနေ့ နေ့လည်(၁၂နာရီမှ၁နာရီခွဲ)နာရီထိ ၊
(၅) ကြာသပတေးသားသ္မီးများအတွက် တနင်္ဂနွေနေ့ မနက်(၆နာရီမှ၇နာရီခွဲ)နာရီထိ ၊
(၆) သောကြာသားသ္မီးများအတွက် တနင်္ဂနွေနေ့ မနက်(၁၀နာရီခွဲမှ၁၂)နာရီထိ ၊
(၇) စနေသားသ္မီးများအတွက် တနင်္ဂနွေနေ့ နေ့လည်(၃နာရီမှ၎နာရီခွဲ) နာရီထိ ။
ဤအချိန်သည် စတင်ပြုလုပ်သည့် နေ့ရက်အတွက် အချိန်သာ ဖြစ်ပါသည်။ ဆက်တိုက် (၁၅)ရက်ခန့် လုပ်ဆောင်ကြရပါမည်။ ကျန်သည့် ရက်များတွင် မိမိ အလုပ်မသွားမီ မနက်ပိုင်း အမွှေးတိုင်ထွန်း၍ ဘုရားရှိခိုးပြီး၊ ရည်ရွယ်ထားသော လိုရာဆုကိုတောင်းပါ။ သို့သော် အမွှေးတိုင် ထွန်းသည့်ဖန်ခွက်အား မိမိအိပ်ယာ၏ အမြင့်တွင် ရှိသော နေရာတွင် ထားရန် သတိပြုပါလေ။
ခုနှစ်ရက်သားသ္မီးအပေါင်း ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ…
No comments:
Post a Comment