ကိုနဲ့မခွဲအစဉ်အမြဲ...ကို့ရဲ့ဘေးနား အမြဲထာဝရရှိပါရစေ...ကို့ကိုချစ်တယ်~~~~~~~~~~~

Saturday, January 3, 2009

ဖြေရှင်းချက်ပေးပါ

မေတ္တာ၊ သံယောဇဉ်၊ နားလည်မှု၊ ရယူပိုင်ဆိုင်ခြင်း စတဲ့အရာအားလုံးကို စွန့်လွှတ်ပြီးမှ ဘာလို့များသတိရခြင်းကို တပ်မက်နေရတာလဲ? အရာအားလုံးထက် ပိုပြီးတန်ဖိုးကြီးနေလို့လား? ပျာပိတုန်းတွေအလယ်မှာ စောင့်ရှောက်မှုလိုအပ်နေတဲ့ပန်းလေးတစ်ပွင့်ကိုဥပေက္ခာပြုပြီးမှတော့ ဘာလို့များပန်းကလေးအတွက် စိုးရိမ်မနေပါနဲ့၊ သတိရမနေပါနဲ့ ။ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဒဏ်ရာကိုဘာလို့များ အမာရွတ် အဖြစ်ချန်ပြီး သတိရနေမလဲ။ အကောင်းပကတိဖြစ်အောင်ကြိုးစားပြီး ဒဏ်ရာတွေကိုကုစားလိုက်ပါ။

No comments: