Saturday, January 3, 2009
မှတပါး...အခြားမရှိ
အရာအားလုံးကိုစွန့်လွတ်ရရင်တောင်မှ သတိရခြင်းကိုငါပိုင်တယ်လို့ ကိုတာရာကပြောတယ်။ ဒါဆိုရင် စဉ်းစားပြီးသတိရတာရတာနဲ့ စဉ်းစားမနေဘဲသတိရတာ ဘာကွာသလဲ ကိုတာရာရယ်။ အနာစိမ်းနဲ့ အနာကျက်လိုများလား...သေချာတော့မသိဘူး။ အနာစိမ်းက လတ်တလောတဆစ်ဆစ်ကိုက်နေလို့ သူ့ကိုပိုပြီးသတိရနေတာများလား....။နောက်ဆုံးတော့ အနာကျက်တဲ့အထိစောင့်ရဦးမယ်။ အနာကျက်လို့ ရလာတဲ့သံယောဇဉ်အမာရွတ်တွေကို နှလုံးသားမှာ မှတ်ကျောက်တင်ရုံ မှတပါး....အခြားမရှိ
Labels:
ခံစားချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment