ညီငယ် ညီမငယ်များအတွက် ယခု ဖြန့်ဝေလိုက်သော အစီအစဉ်လေးကတော့ ပြုလုပ်ရတာလည်း လွယ်ကူတာကြောင့် ညီငယ်၊ ညီမငယ်များ သဘောကျ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်...။
အခုလာမယ့် (14.2.2009) Valantineနေ့မှာ ချစ်ကြသူတွေ အချစ်အတွက် ပူပန်သောက၊ စိတ်ဒုက္ခများ ပပျောက်စေဖို့ အောက်ပါ ယတြာလေးကို စေတနာမှန်ဖြင့် ပေးဝေလိုက်ပါတယ်……။ ဒီယတြာလေးဟာ အတော့်ကို ထူးခြားအောင်မြင် ပေါက်ရောက်မူများရှိခဲ့ပါတယ်...။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဒီယတြာလေးနဲ့ ပါတ်သက်ပြီး အထူးမှာကြားလိုတာကတော့ တစ်ဦးအပေါ်တစ်ဦး အနိုင်လိုချင်စိတ် ၊ မနာလိုစိတ် ၊ မခံချင်စိတ်တွေနဲ့ မပြုလုပ်မိကြဖို့ပါ..။ တစ်ကယ်မေတ္တာမရှိပဲနဲ့ အပျော်သဘော စမ်းသပ်ကြည့်ယုံနဲ့လည်း အကျိုးမဖြစ်ထွန်းနိုင်ပါ...။ မတော်လောဘစိတ်နဲ့ ပြုလုပ်မိရင် ဓါတ်သဘောဟာ အသွားအပြန်ရှိတဲ့အတွက် ပြုလုပ်သူမိမိမှာ ကျန်းမာရေး ချူခြာတတ်တယ် ။ စီးပွါးရေး လုပ်ငန်းများ တဖြေးဖြေး ကျဆင်းလာတတ်တယ်။ အပြင်အမှုကိစ္စများ ပေါ်ပေါက်လာတတ်တယ်..။ ဒါကြောင့်..အထူးသတိပြုစေချင်ပါတယ်။ လုပ်ရမယ့်သူတွေကတော့... (ဥပမာ) ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တစ်ကယ်မေတ္တာရှိတယ်ဆိုပါစို့။ ဒါပေမယ့်.. ကောင်မလေးလုပ်သူက ပဲ များနေတယ် ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်နေပေမယ့် ဘေးလူရဲ့ပယောဂရှိနေကြတယ်။ တစ်ဦးအပေါ် တစ်ဦးမေတ္တာ သက်ဝင်နေတာတော့ မှန်ပေမယ့် မပြောရဲမဆိုရဲ ဖြစ်နေကြတယ်။ တစ်ဦးနဲ့တစ်ဦး သိကြ ခင်ကြတာတော့ ကြာလှပါပြီ။ ဒါပေမဲ့ ဖွင့်မပြောရဲပဲနဲ့ ရေငုံနှုပ်ပိတ်နေကြတယ် ။ ဒီလိုအခြေအနေမျိုးမှာ ဒီယတြာကို ယုံယုံကြည်ကြည် ပြုလုပ်နိုင်ပါတယ်။ နောက်ပြီး လက်ရှိ တစ်ဦးနဲ့ တစ်ဦး အဖြေရပြီး မေတ္တာသက်ဝင်နေတဲ့ ချစ်သူတွေအတွက်လည်း တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာ ခိုင်မြဲစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသားရေးအတွက် စိတ်အေးရလေအောင်၊ လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး၊ တွေ့ကြုံနေကြရ၊ တွေ့ကြုံလာကြရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းကောင်းလေးတစ်ခုကို ပေးဝေလိုက်ပါတယ်။ ချစ်သောသူများ ဆုံဆည်းနိုင်ကြပါစေ…။
မှတ်ချက်။ ။14.2.09 - ရက်နေ့ ချစ်သူများနေ့တစ်ရက်တည်းသာ ပြုလုပ်လို့ရပါသည်။ ကျန်နေ့များတွင် ပြုလုပ်၍ မရပါ။ အကျိုးမရှိ မအောင်မြင်နိုင်ပါ။
(၁) တနင်္ဂနွေသားသ္မီးများ။ ။ အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး နွားနို့တစ်ခွက်ကို သောက်လိုက်ပါ။ သူ့မျက်နှာလေးကို အာရုံပြုပြီးသောက်ပါ ။ သူငယ်ချင်းတစ်ယောက်အား ငွေတတ်နိုင်သလောက် ပေးလိုက်ပါ။ ပြုလုပ် ရမည့်အချိန်ကတော့ စနေနေ့မနက် ၉နာရီမှ မနကမ ၁၀နာရီခွဲအတွင်းပါ။
(၂) တနင်္လာသားသ္မီးများ။ ။ အရှေ့အရပ်ကို မျက်နှာမူပြီး အုန်းယို သို့မဟုတ် အုန်းရည်သောက်ရမည် ။ သူ့ မျက်နှာလေးကို အာရုံပြုပြီးစားပေါ့ ၊ သူငယ်ချင်းတစ်ယောက်အား strawberry ဖျော်ရည်ကို တိုက်လိုက်ပါ။ ပြုလုပ် ရမယ့် အချိန်ကတော့ မွန်းလွဲ ၁နာရီခွဲမှ ညနှေ၃နာရီအတွင်းပါ။
(၃) အင်္ဂါသားသ္မီးများ။ ။ အရှေ့တောင်ကို မျက်နှာမူပြီး coca cola သောက်ပါ ။ သူ့ မျက်နှာလေးကို အာရုံပြုပြီးသောက်ပါ ။ လိမ္မော်သီးတစ်လုံးကို အခွံခွါပြီးတော့ တစ်စိတ်စီ အရှေ့တောင်အရပ်ကို ကျဲလိုက်ပါ။ ပြု လုပ်ရမည့် အချိန်ကတော မနက့် ၇နာရီခွဲမှ မနက် ၉နာရီအတွင်းပါ။
(၄) ဗုဒ္ဓဟူးသားသ္မီးများ။ ။ တောင်အရပ်ကို မျက်နှာမူပြီး grape စပျစ်ဖျော်ရေ သောက်လိုက်ပါ ။ သူ့မျက်နှာလေးကို အာရုံပြုပြီးသောက်ပါ ။ သူငယ်ချင်းတစ်ယောက်ကို ပေါင်မုန့်ကျွေးလိုက်ပါ။ ပြုလုပ်ရမည့် အချိန်ကတော့ နေ့လည်၁၂နာရီမှ မွန်းလွဲ ၁နာရီခွဲအတွင်းပါ။
(၅) ကြာသပတေးသားသ္မီးများ။ ။ အနောက်အရပ်ကို မျက်နှာမူပြီး လိမ္မော်ရည်တစ်ခွက် သောက်လိုက်ပါ။ သူ့မျက်နှာလေးကို အာရုံပြုပြီး သောက်ပါ ။ သူငယ်ချင်းတစ်ယောက်ကို သရက်ဖျော်ရည် တိုက်လိုက်ပါ။ ပြုလုပ်ရမည့် အချိန်ကတော့ မနက်၆နာရီမှ မနက် ၇နာရီခွဲအတွင်းပါ။
(၆) သောကြာသားသ္မီးများ။ ။ မြောက်အရပ်သို့ မျက်နှာမူပြီး ပန်းသီးတစ်လုံး စားပါ။ သူ့ မျက်နှာလေးကို အာရုံပြုပြီးတော့ စားပါ ။ သူငယ်ချင်းတစ်ယောက်ကို နွားနို့တစ်ခွက် တိုက်လိုက်ပါ။ ပြုလုပ်ရမည့် အချိန်ကတော့ မနက်၁၀နာခွဲမှ နေ့လည် ၁၂နာရီအတွင်းပါ။
(၇) စနေသားသ္မီးများ။ ။ အနောက်တောင်အရပ်ကို မျက်နှာမူပြီး သရက်ဖျော်ရည် တစ်ခွက်သောက်လိုက်ပါ။ သူ့ မျက်နှာလေးကို အာရုံပြုပြီးသောက်ပါ ။ သူငယ်ချင်းတစ်ယောက်ကို အုန်းယို သို့မဟုတ် အုန်းရည်တိုက်လိုက်ပါ။ ပြုလုပ်ရမည်အချိန်ကတော့ နေ့လည်၃နာရီမ ညနှေ၎နာရီခွဲအတွင်းပါ။
အားလုံးသော ညီငယ်ညီမငယ်များ လိုရာပြီးပြည့်စုံ၍ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ...။
Saturday, January 31, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment