ကိုနဲ့မခွဲအစဉ်အမြဲ...ကို့ရဲ့ဘေးနား အမြဲထာဝရရှိပါရစေ...ကို့ကိုချစ်တယ်~~~~~~~~~~~

Sunday, January 11, 2009

သူ့အလိုလိုက်၍ ကိုယ့်အလိုပြည့်အောင် လုပ်နည်း(၁၃)မျိုး

၁။ အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း၊
၂။ ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း၊
၃။ အလိုရမ္မက်ကြီးသူကို ဥစ္စာပေးခြင်းဖြင့်လည်းကောင်း၊
၎။ အစိုးရသူကို သူ့အမှုကိစ္စကို ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊
၅။ ရသေ့ရဟန်းတို့ကို ရိုသေလေးစား ပူဇော်ခြင်းအားဖြင့်လည်းကောင်း၊
၆။ သတို့သမီးကို ချစ်ခြင်းအားဖြင့်လည်းကောင်း၊
၇။ လက်အောက်ငယ်သားတို့ကို မျှတချီးမြောက်ခြင်းအားဖြင့်လည်းကောင်း၊
၈။ ဒေါသအမျက်ကြီးသူကို ချီးမွမ်းခြင်းအားဖြင့်လည်းကောင်း၊
၉။ ဆရာကို ရှိခိုးရိုသေခြင်းအားဖြင့်လည်းကောင်း၊
၁၀။ သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း၊
၁၁။ ပညာရှိကို အတတ်ပညာပေးခြင်းဖြင့်လည်းကောင်း၊
၁၂။ အစားကြူးသူကို အရသာပေးခြင်းအားဖြင့်လည်းကောင်း၊
၁၃။ အလုံးစုံပြည့်စုံသူကို အကျင့်သီလဖြင့်လည်းကောင်း လိုက်လျောအနိုင်ယူ အောင်နိုင်ရာ၏။

(စာဏကျနီတိ)

No comments: