ကိုငယ်ငယ်တုန်းကစဉ်းစားဖူးတယ်နှင်း
ကိုရည်းစားမရခင် ကိုရမယ့်ချစ်သူကသိပ်ချော သိပ်လှပေါ့
ရည်းစားစကားလေးတွေ ကိုလည်းဘယ်လိုလေးပြောရင်ကောင်းမလဲလို့စိတ်ကူးယဉ်ဖူးတယ်
ဒါတော့လူတိုင်းကိုစီ စဉ်းစားဖူးတယ်လို့ ကို ထင်တယ်...
နှင်းကော ဘယ်လိုမျိုးစိတ်ကူးယဉ်ဖူးလဲ
တကယ်တမ်းအချစ်ကိုနဖူးတွေ့ ဒူးတွေ့ကျတော့မှ
အော်အချစ်ဆိုတာဒီလိုမျိုးမဟုတ်ပါလား
နှလုံးသားရဲ့ တောင်းဆိုချက်အတိုင်း ပါလား
ကို့ချစ်သူမချောသော်လည်း သူလေးပျော်နေတာကိုက သိပ်ချစ်ဖို့ကောင်းတာပဲ
ကို့ချစ်လေးကို အဖက်ဖက်ကနေ ကာကွယ်ပေးချင်လာတယ်
ပန်းကိုချစ်တဲ့ ဥယျာဉ်မှူးလိုပဲ နှင်းကိုချစ်တဲကိုက
နှင်းလေးကိုယ်စိတ်မံငြိုးအောင်အမြဲနှင်းနားနေပေးချင်ပါတယ်
နေခြည်ဖြာမှနွေးသောကြောင့် ဆိုသလို နှင်းရဲ့ ပန်းဝတ်ရည်မေတ္တာဆိုအောင်လောင်းမှ
ကိုယ့်တစ်ဘ၀လုံးရတောင့်ရခဲ အချစ်တွေနှင့် ပျော်မဆုံးဖြစ်နေတော့မှာ နှင်းရယ်
သိပ်ချစ်တယ် နှင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment