ကိုနဲ့မခွဲအစဉ်အမြဲ...ကို့ရဲ့ဘေးနား အမြဲထာဝရရှိပါရစေ...ကို့ကိုချစ်တယ်~~~~~~~~~~~

Saturday, January 24, 2009

ဒါဟာ........... ဘာလဲ

တစ်စုံတစ်ယောက်က
ကျွန်မလက်ထဲကို
အချစ်ပန်းလေး တစ်ပွင့်
တိတ်တဆိတ် ထားသွားခဲ့တယ်။

တစ်စုံတစ်ယောက်ကတော့
ကျွန်မနှလုံးသားကို ခိုးယူပြီး
ကောင်းကင်အနှံကို ကြဲဖြန့်လိုက်တယ်။

ကျွန်မက သူကိုတွေ့တာလား။
သူ့ကိုနေရာအနှံရှာဖွေနေတာလား။
ဒါဟာ
ကောင်းချီးမင်္ဂလာလား
နာကျင်ကြေကွဲမှုလား
ကျွန်မ မသိတော့ပါဘူး။

1 comment:

Unknown said...

ကဗျာလေးကကောင်းတယ်နော်
သူ့ကိုရှာဖွေနေတာဆိုရင် အမြန်ဆုံးတွေ့ပါစေလို့..
နာကျင်ကြေကွဲမှုဆိုရင်တော့ အဲဒီနာကျင်ကြေကွဲမှုတွေ
အမြန်ဆုံးအဆုံးသတ်သွားပါစေလို့ ..
ဆုတောင်းပေးပါတယ်နော်.....