ကိုနဲ့မခွဲအစဉ်အမြဲ...ကို့ရဲ့ဘေးနား အမြဲထာဝရရှိပါရစေ...ကို့ကိုချစ်တယ်~~~~~~~~~~~

Monday, November 19, 2012

1 year Wedding Anniversary

ကို ကိုနဲ့နှင်းတို့ ဘ၀ကို အတူတူလက်တွဲခဲ့တာ အခုဆိုရင် ၁နှစ်တောင်ပြည့်ပြီ နှင်းရဲ့ဘေးနားမှာ အမြဲအားပေးသည်းခံတတ်တဲ့ကို့ကို နှင်းအမြဲတမ်း ကြင်ကြင်နာနာ နဲ့ချစ်ခင်မြတ်နိုးသွားပါမယ်.. နှင်းကို့အပေါ် မှာဆိုးခဲ့တာလေးတွေ ခွင့်လွှတ်ပေးပါ ကိုနဲ့ပတ်သက်လာရင် နှင်းက ကို့ ရဲ့ပထမ နေရာပဲဖြစ်ချင်တယ်  ဘာပဲဖြစ်ဖြစ် ကို့ကိုချစ်တယ် မချစ်ဘူးပြောနေပေမဲ့လည်း စိတ်ထဲကနေချစ်တယ် အမြဲတမ်းကို့ကို ချစ်နေတယ်.. ကိုကို ယုံပေးပါ ကို့ရဲ့ နှင်း

Sunday, July 8, 2012

ချစ်နှစ်ပတ်လည်နေ့

ဒီနှစ်ပတ်လည်နေ့ မှာနှင်းနဲ့ကိုယ်နဲ့ အတူ တူ ဖြတ်သန်းလို့ရပြီချစ်ရယ်...
နှင်းလေးနဲ့အတူတူရှိနေတဲ့ အချိန်တွေမှာ နှင်းလေးမပျော်မရွင်တာပဲဖြစ် နှင်းလေးနေမကောင်းနေတာပဲ
ဖြစ်ဖြစ် အလိုမကျတာပဲဖြစ်ဖြစ် နှင်းလေးစိတ်ဆင်းရဲနေရင် ကို့ကိုကို ပြန်စဉ်းစားကြည့်တယ်...
ကိုယ်ဘာလို့နှင်းလေးကို ပျော်ရွင်အောင်မထားပေးနိုင်ရတာလဲ...ကို့ချစ်သူကို တက်ကြွလန်းဆန်းအောင် အမြဲအားပေး ဂရုစိုက်ချင်တယ်...
ကဲ...ကိုယ်ဆုံးဖြတ်ချက်ချလိုက်ပြီ
နှင်းယုံကြည်အားကိုးပြီး ချစ်ရတဲ့ခင်ပွန်းဖြစ်အောင်ကို ကြိုစားပြီး နှင်းအပေါ်သစ္စာရှိရှိချစ်သွားမယ်နှင်း


Monday, March 26, 2012

Friday, February 17, 2012


စိတ်ထဲမှာ အရမ်းမွန်းကြပ်နေတယ်..
ငါတစ်ယောက်ထဲ အထီးကျန်ဆန်လွန်းတယ်..
အဲဒီမွန်းကြပ်မှုတွေကို တစ်ယောက်ယောက်ကိုပြောပြချင်ပေမဲ့ ဘယ်သူမှ မရှိဘူး..
ငါတစ်ယောက်ထဲ ဘယ်သူမှ မမြင်နိုင်တဲ့မျက်ရည်စတွေနဲ့ပေါ့..
အနားမှာ အားပေးမဲ့သူ ခံစားချက်တွေ မျှဝေခံစားပေးနိုင်တဲ့သူလိုချင်တယ်...


Every time i feel lonely, the first person i have ever thought is you..
the only person i tried to share my loneliness is you..
but you can't be my soul-mate. you can't share my feeling. you can't be the one who has a should for me to lean on,
I tried, tried to share you.... I ever get sadness.
Full of tear in my eye. who can know how much i miss you..
I wanna run away from here..and be at a place that I won't be alone anymore....

I Miss My Happiness life .

Friday, February 10, 2012


ကို နှင်းကိုပြစ်ထားရက်တယ်......


အထီကျန်တဲ့နေ့တွေအမြန်ကုန်ဆုံးချင်ပြီ

Friday, January 27, 2012

Untitle


သတိရလိုက်တာ ကိုရယ်...
လွမ်းတယ်ဆိုတာထက်ပိုပြီးလွမ်းနေတယ်..
လွမ်းလို့သေနိုင်တယ်ဆိုတဲ့စကားကိုအရင်ကမယုံခဲ့ဘူး
အခုမှပဲလက်တွေ့ခံစားရတယ်..
ကိုမရှိပဲနှင်းမနေတတ်ဘူး..
တကယ်ပါကိုရယ်..
နှင်းနဲ့အမြန်ဆုံးနီးစပ်အောင်ကြိုးစားပေးပါ
ကို့ကိုသိပ်ချစ်တယ်
လေးလေးနပ်နပ်နဲ့ချစ်တာပါကို

Wednesday, June 8, 2011

နှင်းလေးစိတ်ဆင်းရဲနေတဲ့အချိန်မှာကိုနှင်းနားမှာနေပေးချင်လိုက်တာချစ်ရယ်
အားတင်းထားနော်ချစ်..
နောက်လလေးနည်းနည်းပြီးသွားရင် နှင်းကိုကိုယ့်ရင်ခွင်ထဲမှာပဲ သိမ်းထားမယ်
နှင်းကို ကြင်ကြင်နာနာနဲ့ လက်တွဲဖို့ ကိုဆုံးဖြတ်ထားတယ်
သိပ်ချစ်တယ်နှင်းရယ်...

မပြောင်းလဲတော့မဲ့အချစ်

ရာသီတွေဘယ်လိုပဲပြောင်းပြောင်း အချိန်တွေဘယ်လိုပဲဟောင်းခဲ့..
ကို့ကိုချစ်နေတဲ့အချစ်တွေကတော့ဘယ်တော့မှမပြောင်းလဲပါဘူး...
မဟောင်းနွမ်းသွားပါဘူးကိုရယ်..
ကို့ကိုဘယ်တော့မှပြောင်းလဲမသွားတဲ့ချစ်ခြင်းနဲ့ အမြဲထာဝရချစ်နေတာပါ
အမြဲထာဝရ ချစ်သွားမှာပါ....